Quiz

အနိုင်ရသူကို ၅,၀၀၀ကျပ်တန် ဖုန်းငွေဖြည်ကဒ် လက်ဆောင်

 

စည်းမျဉ်းစဉ်းကမ်းများ

Please see English Version, Myanmar Unicode Version and other languages at http://www.omgsmartfood.com/quiz/en

  1. ဤပဟေဠိ အစီအစဉ်ကို အပတ်စဉ် သောကြာနေ့မှ တနင်္ဂနွေနေ့အထိ ဖြေဆိုနိုင်သည်။
  2. ဤပဟေဠိ အစီအစဉ်တွင် ပါဝင်နိုင်ရန် အဖြေကို တနင်္ဂနွေနေ့ ၂၃နာရီ၊ ၅၉မိနစ် မတိုင်မီ အပြီးသတ်ဖြေဆိုနိုင်ရမည်။
  3. ဖြေဆိုသူသည် OMGoodness ရဲ့ Facebook Page ကို Like လုပ်ထားရမှာဖြစ်ပါတယ်။
  4. ဖြေဆိုသူဟာ အပတ်စဉ် Quiz ကို ကြေငြာသော Facebook Post ကို Like & Share လုပ်ထားရမှာဖြစ်ပါတယ်။
  5. ဆုရရှိသူသည် မြန်မာနိုင်ငံအတွင်း ကိုင်ဆောင်ရန် တရားဝင်ခွင့်ပြုထားသော ဆင်း(မ်)ကဒ် (MPT, MEC Tel, Telenor နှင့် Ooredoo) ကိုင်ဆောင်သူ ဖြစ်ရမည်။
  6. ဤပဟေဠိ အစီအစဉ်မှ ရရှိသောဆုကို ငွေသားဖြင့် ပြန်လည်လဲလှယ်ခွင့်မပြု။
  7. ဆုရရှိသူနှင့် အဖြေမှန်သူစာရင်းကို အပတ်စဉ် အင်္ဂါနေ့တွင် Facebook စာမျက်နှာနှင့် Website စာမျက်နှာတို့တွင် ဖှောပြပေးမည်။ ဆုရရှိသူကို တစ်ပတ်အတွင်း ဖုန်းဆက်၍ လည်းကောင်း၊ အီးမေးလ်ဖြင့် လည်းကောင်း ဆက်သွယ်အကြောင်းကြားပေးမည်။
  8. လူတစ်ဦးလျှင် တစ်ကြိမ်သာ ဖြေဆိုခွင့်ရှိသည်။ တစ်ကြိမ်ထက်ပို၍ ဖြေဆိုထားပါက ပထမဆုံးတစ်ခုသာ အတည်ယူမည်။
  9. ဖြေဆိုသူများသည် အောက်ပါ Form အတွင်း တိကျမှန်ကန်စွာဖြေဆိုရမည်။ အချက်အလက်မှားယွင်းဖြေဆိုမှုနှင့် အင်တာနက်လိုင်းမတည်ငြိမ်မှုတို့ကြောင့် ပှေါပေါက်လာသော ပြဿနာတစ်စုံတစ်ရာသည် OMGoodness နှင့် လုံးဝ သက်ဆိုင်ခြင်းမရှိပါ။
  10. ဤပဟေဠိ အစီအစဉ်မှ ရရှိသော သင်၏ အချက်အလက်များသည် ပြိုင်ပွဲအတွက်သာဖြစ်၍ ပြိုင်ပွဲပြီးဆုံးလျှင် ဖျက်ဆီးပစ်မည်ဖြစ်သည်။
  11. ဤပဟေဠိ အစီအစဉ်တွင် OMGoodness Smart Food မှ ဝန်ထမ်းအားလုံးနှင့် ၎င်းတို့၏ မိသားစုဝင်များကို ပါဝင်ခွင့် လုံးဝ(လုံးဝ) မပြုပါ။
  12. စည်းမျဉ်းစဉ်းကမ်းများထဲမှ မကိုက်ညီမှုများရှိခဲ့ပါက  ဤမြန်မာဘာသာဖြင့်သာ အတည်ယူမည်။
  13. ဤပဟေဠိ အစီအစဉ်တွင် အငြင်းပွားဖွယ် တစ်စုံတစ်ရာ ပှေါပေါက်ခဲ့ပါက OMGoodness ၏ အဆုံးအဖြတ်သည်သာ အတည်ဖြစ်သည်။ OMGoodness သည် ဤပဟေဠိ အစီအစဉ်မှ စည်းမျဉ်းစဉ်းကမ်းများ၊ ဆုများနှင့် အခြားသော အပြင်အဆင်များကို အသိပေးခြင်းမရှိပဲ မွမ်းမံပြင်ဆင်ပိုင်ခွင့်ရှိသည်။ ဤပဟေဠိ အစီအစဉ်မှ ပှေါပေါက်လာသော အငြင်းပွားဖွယ် တစ်စုံတစ်ရာကို OMGoodness Smart Food ၏ အဆုံးအဖြတ်ပှေါတွင်သာ အတည်ဖြစ်သည်။